Excuse Me
ခဏလောက် ၊ လမ်းဖယ်ပေးပါ ၊ခွင့်ပြုပါအုံး ၊ [ အဓိက အားဖြင့် နေရာ ၊ အချိန် စသည့် ပိုင်းဆိုင်ရာဖြင့် လဲ အဓိပ္ပါယ်ပြန်တက်ပါတယ်ခင်ဗျား။ ]

Thanks ၊ Thank You ၊ Thanks A Lot
ကျေးဇူးတင်ပါတယ်။ [ အဓိက အားဖြင့် သူများက ကျေးဇူးတင်တယ်လို့ ပြောရင် ကိုယ်က အမြဲတန်း You're welcome လို့ ပြန်ပြီးပြော ခြင်းဖြင့် ပိုပြီး ယာဉ်ကျေးပါတယ်။ ]

What's Up?
ဘာလဲ? ၊ ဘာဘဲကွ? ၊ အဆင်ပြေရဲ့လား? ကဲ နောက်တခု နားလည်သွာအောင် ဥပမ ပေးလိုက်မယ်။ "Hey, Kyaw.. ပြီးတော့ ကျွန်တော်က "what's up?" လို့ပြန်ပြီး ပြောလေ့လဲရှိပါတယ်။" [what's up? ရဲ့ အဓိပ္ပါယ်ကို မြန်မာ ပီပီ အဓိပ္ပါယ် ပြန်လိုက်မယ်ဆိုရင်တော့ "အပေါ်က ဘာဘဲ" လို့ အဓိပ္ပါယ် ပေါက်သွားပါ့မယ်ခင်ဗျား။ what's up? ရဲ့ အဓိပ္ပါယ် က ပြန်ရခတ်ပါတယ်။ ကျွန်တော် နားလည်အောင် ပြောပြရမယ်ဆိုရင်တော့ လူတယောက် နဲ့ တယောက် တွေ့ရင် ပြောတက်တဲ့ Greeting လေးတခုပါခင်ဗျား။ ကျောင်းမှ ဆိုရင် လူငယ်များ အမြဲတမ်း ပြောလေ့ရှိ ပါတယ်။ အရင်ကတော့ Hi - 5 ၊ Give me 5 ၊ စသည့် ဟာတွေကိုလဲ ပြောတက်ပါတယ်။ ဒါပေမဲ့ အခုကတော့ "what's up?" လို့ပြောင်းသွားပါတယ်။ ]

Are You Kidding Me?
မင်းငါ့ကို စ နေတာလား? [ မြန်မာ ပီပီ အဓိပ္ပါယ် ပြန်လိုက်မယ်ဆိုရင်တော့ "မင်းင့ါကို ကလေး လုပ်နေတာလား?" ၊ Kid - ကလေး။ Kidding ဆိုတော့ ကလေးလုပ်နေတယ်လို့ သွားပြီး အဓိပ္ပါယ် မပြန်လိုက်ပါနဲ့။ ]

Good Job ၊ Very Good ၊ Good ၊ That's Perfect ၊ That's What's Up
အားလုံးရဲ့ အဓိပ္ပါယ်ကတော့ "ကောင်းတယ်" ပါဘဲခင်ဗျား။ [ တခါတလေ ကြရင် "That's what's up!" လို့လဲပြောတက်ပါတယ်။
Kyaw: You know what, i know Kung Fu. [ ငါ ကွန်ဖူးသိတယ် မဟုတ်ပါ။ ငါကွန်ဖူး တက်တယ်လို့ အဓိပ္ပပါယ်ပြန်ရပါတယ်။]
Aye: That's what's up! ]

Yes, Mam ၊ Yes, Ma'am ၊ Yes, Sir.
အားလုံးရဲ့ အဓိပ္ပါယ်ကတော့ "ဟုတ်ကဲ့" လို့ဘဲအဓိတ်ပ္ပါယ်ပေက်ပါတယ်။ [ ဒါပေမဲ့ ကိုယ့်ထက် ရာထူးနဲနဲ မြင့်တဲ့သူတွေကိုတော့ "Yes, sir." လို့ပြောပါတယ်။ ကျောင်းဆရာတွေကိုလဲ အဲ့ဒီလိုဘဲပြောပါတယ်။ ဒါပေမဲ့ ဆရာမ တွေကတော့ "Yes, mam." လို့ပြောပါတယ်ခင်ဗျား။ "Yes, ma'am." ကတော့ "Yes, man" နဲ့တူတူပါဘဲခင်ဗျား။ ကျွန်တော် သိအောင်လို့ ရေးပြထားတာပါ။ ဒီလောက်ဆိုရင် သုံးတက်လောက်ပါဘူး။ ကိုယ့်ရဲ့ အကြီးအကဲတွေနဲ့ ဟုတ်ကဲ့လို့ ပြောရင် သုံးတာပါ။ ]

Give Up
Give up ရဲ့ အဓိပ္ပါယ်ကတော့ "Quit - ထွက်သည်။" နဲံတူတူပါဘဲ။ ဒါပေမဲ့ Give ရဲ့ အဓိပ္ပါယ် နောက်တမျိုး စိတ်ဓါတ်ကြတယ် လို့ လဲ ကောင်လို့ ရပါတယ်ခင်ဗျား။ [ ပြောမယ်ဆိုရင် "Don't give up?" ဆိုရင် စိတ်ဓါတ်မကြနဲ့ ၊ မထွက်နဲ့ = Don't quit နဲ့လဲတူပါတယ်။ ]

Don't Speak ၊ Don't Talk
"စကားမပြေနဲ့" လို့ အဓိပ္ပါယ်ရပါတယ်။ [ ဒါပေမဲ့ "Don't speak" ကိုမသုံးပါဘူး။ "Don't talk" လို့ပြောပါတယ်။ "Don't speak" ကိုမသုံးလောက်ပါဘဲ။ ထက်မပြောနဲ့တော့ဆိုရင်တော့ "Don't talk about it anymore" ပေါ့။ သုံးတက်သလိုသုံးကြပါခင်ဗျား။ ]

What Else?
ဘာကျန်သေးလဲ [ "What else in there?" လို့လဲသုံးပါတယ်ခင်ဗျား။ ]

That's It!
အဓိပ္ပါယ်ကတော့ "ဒါပါဘဲ" ခင်ဗျား၊၊ [ ဥပမာ အဖြင့် ပြောရင်တော့ "All you gotta do is, just copy it and that's it." ]

Want To ၊ Wanna
အစတုန်းကတော့ "What to" ကိုသုံးပါတယ်။ အခုတော်တော်များများက "Wanna" ကိုသုံးပါတယ်။ ဒီ လိုမျိုး သုံးချင်းဖြင့် မရိုင်းစိုင်းပါဘူး။ Ok ပါတယ်ခင်ဗျား။ [ "What u want to do?" လို့သုံးမဲ့အစား "What u wanna do?" လို့သုံးပါတယ်။ ]

Going To ၊ Gonna
အစတုန်းကတော့ "Going to" ကိုသုံးပါတယ်။ အခုတော်တော်များများက "Gonna" ကိုသုံးပါတယ်။ ဒီ လိုမျိုး သုံးချင်းဖြင့် မရိုင်းစိုင်းပါဘူး။ Ok ပါတယ်ခင်ဗျား။ [ "What r u going to do?" လို့သုံးမဲ့အစား "What r u gonna do?" လို့သုံးပါတယ်။ ]

Got To ၊ Gotta
အစတုန်းကတော့ "Got To" ကိုသုံးပါတယ်။ အခုတော်တော်များများက "Gotta" ကိုသုံးပါတယ်။ ဒီ လိုမျိုး သုံးချင်းဖြင့် မရိုင်းစိုင်းပါဘူး။ Ok ပါတယ်ခင်ဗျား။ [ "All u got to do is," လို့သုံးမဲ့အစား "All u gotta do is," လို့သုံးပါတယ်။ ]

God Bless You ၊ Bless You
"ဘုရားသခင် ကောင်းချီးပေးပါစေ" လို့ အဓိပ္ပါယ်ရပါတယ်ခင်ဗျာ။ [ ဒါကို ဘယ်နေရာမှာသုံး သလဲဆိုတော့ လူတယောက် က နှာချေ ရင် ရင် ကိုယ် က "God bless you" မဟုတ်ရင် "Bless you" လို့ပြောပေးရပါတယ်။ ဒါက အမြဲတမ်းပြောလေ့ရှိတဲ့ ရိုးရာတခုလိုလဲ ဖြစ်ပါတယ်။ အမြဲတမ်းအားဖြင့် "Bless you" လို့ဘဲ ပြောလေ့ရှိပါတယ်။ ပြီးသူက "Thanks ၊ Thank you" လို့ပြန်ပြောတက်ပါတယ်။ ပြီးရင် ကိုယ်က နေနောက်တခါ "You're welcome" လို့ပြန်ပြီးပြောချင်းဖြင့် ယာဉ်ကျေးပါတယ်။